Thursday, July 3, 2008

ကဗျာဆရာ (၂)

ငါ့မနက်ခင်းက
စကားလုံးတွေနဲ့မွှေးပျံ့နေတတ်တယ်
ဘယ်သူမှမသိတဲ့
ခပ်ရင်ရင့်အရောင်တွေနဲ့
ငါ့ကောင်းကင်ကလင်းတယ်
ဘာမှမလိုပါဘူး
ကဗျာရှိရင်ဖြစ်တယ်
ဇရာပဲအိုအို
ကမ္ဘာပဲပြိုပြို
ကဗျာကိုတော့မစွန့်လွှတ်ဘူး
ဒါ...ကျိန်စာမဟုတ်ဘူး
သစ္စာတရားနဲ့
နှလုံးသားရဲ့
ဟိုး.....အနက်ရှိုင်းဆုံးနေရာက
မှီတွယ်မှုကင်းတဲ့
အလင်းမဲ့အော်သံ
နယူတန်ရဲ့နိယာမလို
တန်ပြန်သက်ရောက်မှုရှိရင်တော့
ဒီကမ္ဘာမှာ
ငါ့ကဗျာတွေလင်းစေသား.......


Type rest of the post here

1 comment:

ကိုရင်ညိန်း said...

ဇရာပဲအိုပအို
ကမ္ဘာပဲပြိုပြို
ကဗျာကိုတော့ မစွန်ပလွှတ်ဘူး


ကြိုက်တယ် အဲဒီအသံကို