Wednesday, October 29, 2008

အလင်းရှင်

သူပြုံးလိုက်တဲ့အခါ
ပန်းကလေးတွေမွှေး
လေကလေးတွေအေး
နွမ်းသမျှပြေ
လွမ်းသမျှကျေတယ်…..
သူစကားပြောတဲ့အခါ
ပျားသကာလို
နားမှာချိုလို့
ရင်မှာစိမ့်စမ်း
စီးဖြတ်သန်းတယ်…..
သူရှိနေတဲ့အခါ
ရနံ့မွှေးသောပန်း
ကြာတင့်တဲ့ကန်
ကြယ်စုံသောကောင်းကင်
လသာတဲ့ည
ကာရန်ညီတဲ့ဂီတလို
အရာအားလုံးဟာလှပလို့…..
အိမ်မက်တွေကိုစည်းချ
မညီညာတဲ့ဂီတနဲ့
မှောင်မိုက်တဲ့ညတွေအတွက်
သူက…..
တစ်ဦးတည်းသော အလင်းရှင်ပါပဲ


Type rest of the post here

1 comment:

မသက်ဇင် said...

သူပြုံးလိုက်တဲ့အခါ
ပန်းကလေးတွေမွှေး
လေကလေးတွေအေး
နွမ်းသမျှပြေ
လွမ်းသမျှကျေတယ်…..
သူစကားပြောတဲ့အခါ
ပျားသကာလို
နားမှာချိုလို့
ရင်မှာစိမ့်စမ်း
စီးဖြတ်သန်းတယ်

ဂျိုကာရေ---
အချိုးစပ်ကဗျာလေးဖြစ်ပြီး
လှပ ဆန်းသစ်ပါတယ်--
ဆက်ရေးပါ--အားပေးနေပါတယ်--
ခင်မင်လျက်
မသက်ဇင်