Saturday, November 15, 2008

ဖယ်ခွာပုန်းသူ..သို့

ရင်မှာနှောင်တန်း
တစ်ဖက်သက်လွမ်း
ဆိုင်သူမသိ
ရူးမိုက်မိ၏
အလွမ်းတစ်ခင်း
သီချင်းသာလျှင်
စီကာဖွဲ့ရည်
ဆိုသီနိုင်၏
နှောင်တွယ်အမုန်း
ရှောင်ဖယ်ပုန်းသူ
စိမ်းမိုးတွေရွာ
စိမ်းကမ္ဘာသို့
စိမ်းကားရက်စက်
ကျောခိုင်းထွက်၏
ဪ……
မသိလည်းလွမ်း
ရင်ထဲတမ်းသည်
မှန်းဆစိတ်ရှည်
လွမ်းစိတ်ဖြေ၍
အသက်ကမ္ဘာ
တည်နိုင်သမျှ
သစ္စာဖွဲ့တင်း
မျှော်လင့်ရင်းဖြင့်
ငါ၏ချစ်ခြင်း
စဉ်ထွန်းလင်းနေမည်သာ……
ဆုတောင်းတိုင်းသာ
ပြည့်ရပါလျှင်
လွမ်းခြင်းဆွေးခြင်း
ဤ၀ဋ်တွင်းမှ
လွတ်ကင်းဖယ်ခွာ
သံသရာဆက်
နှောင်တွယ်ဖြတ်၍
ချစ်ခြင်းမုန်းခြင်းကင်းရစေ…..


Type rest of the post here

4 comments:

Welcome said...

အချစ်ရှိနေသရွှေ့
ချစ်နေသေးသရွှေ့တော့
လွမ်းတာ၊ ဆွေးတာတွေ
သံယောဇဉ်နဲ့ အမှတ်ရမှုတွေ
ဆိတ်သုန်းဖို့ ခက်ပြီသယ်ချင်းရေ

အားပေးလျက်ပါ
http://winzaw-mdy.blogspot.com

မသက်ဇင် said...

ဆုတောင်းတိုင်းသာ
ပြည့်ရပါလျှင်
လွမ်းခြင်းဆွေးခြင်း
ဤ၀ဋ်တွင်းမှ
လွတ်ကင်းဖယ်ခွာ
သံသရာဆက်
နှောင်တွယ်ဖြတ်၍
ချစ်ခြင်းမုန်းခြင်းကင်းရစေ…..
"ဖယ်ခွာပုန်းသူ..သို့"
လာဖတ်ရင်း အဲဒီအပိုဒ်လေးကို နှစ်သက်
မိပါတယ်---အချိုးကဗျာအရေးကောင်းတာပဲ

အလင်းစေတမန် said...

ကဗျာလေးကောင်းပါတယ် လွမ်းခြင်းဆွေးခြင်း ကင်းပါစေဗျာ။

Kyawtun said...

ကဗျာလေးတွေကြိုက်တယ်