Thursday, October 2, 2008

အပြန်လမ်းဆီ…..

ချစ်သူ့ရင်ခွင်
ပင်လယ်ပြင်သို့
မှတ်ယူမွေ့ပျော်
ဒုက္ခသော်မှ
ပျားရည်တမျှ
ချိုမြိန်လှ၏

ချစ်သူ့ပါးပြင်
ပန်းအသွင်သို့
သည်းထိတ်ဖိုလှိုက်
နမ်းကာရှိုက်သော်
ဘယ်ပန်းမမှီ
မွှေးပျံ့ကြိုင်သည်

ဒုက္ခနှင့်ကြုံ
စိတ်ဓါတ်ကုန်လျှင်
ဆန္ဒတစ်ခု
တောင်းဆုပြုသည်
” ချစ်သူ၏လက်ကို
ဆုပ်ကိုင်ခွင့်ရပါရစေ”

ပျော်ရာမနေ
တော်ရာနေမို့
ဖော်ကွာဝေးသူ
သည်းအားငယ်တယ်
မျှော်ကာငေးလို့
လွမ်းမကုန်တယ်
ချစ်ဦးသူရယ်….
နွမ်းမပြေသာ
လွမ်းနေတာသိရင်ဖြင့်
လှမ်းကာလေပြေးကြို
မောင်ပြန်ရာလမ်း
အပြုံးပန်းနဲ့
မမုန်းတမ်းစောင့်နေနော်…….


Type rest of the post here

2 comments:

Anonymous said...

ကဗျာလေး ဖတ်လိုက်ရတာ တစ်ကယ်ရင်ထဲဆွေးသွားတယ်ဗျာ
မရှိတဲ့ ချစ်သူကိုတောင် တမ်းတမိတယ် ဟီး

ယုန်ကလေး said...

ကဗျာလေးကို ဖတ်ရတော့ တော်တော်လေးကို ခံစားရတယ် ချစ်သူက အဝေးမှာရောက်နေတဲ့ပုံပဲ ဟုတ်လား