Thursday, May 1, 2008

လွမ်းဝေ

အချစ် က ပန်းသီးတစ်လုံးဆိုရင်
ငါက...တစ်ကိုက်လောက်စားမိပြီး
အဆိပ်သင့်ခဲ့တဲ့ငှက်တစ်ကောင်ပေါ့......
တစ်ကယ်ပါ........
ကြယ်စင်တွေကိုယ်ထင်ပြ
လမင်းကြီးပြုံးပြတဲ့ညပေါ့
အိမ်မက်ခြောက်နဲ့
ပန်းကောက်ခဲ့တယ်
အလွမ်းမပြေ
ရင်ခွင်ကြောမှာ
ပန်းတွေဝေ
စမ်းတွေခမ်း
ရွက်ကြွေလမ်းမှာ
အနမ်းတွေ
မှန်းခြွေလွမ်း
သူသိရင်
ကျေနပ်မယ်လို့
တမ်းတဆုခြွေ
အလွမ်းပြေဖို့
တစ်ခါတစ်ခေါက်
စိတ်တွေရောက်ရင်
မှန်းဝေတမ်းတ
မောင့်ဘ၀ဆီ
ခိုဝင်တမ်းတ
သတိရပါလေ............

Type rest of the post here

No comments: